Telegram Web Link
[📄 BTS Instagram Broadcast Channel — hope_to]

"hope_to" channel မှာ တင်ထားတဲ့ J-hope ပုံအသစ်လေးတွေ 💜

Cap: "Hobi က စောင့်ဆိုင်းနေတဲ့အချိန်ကို ဘယ်လိုဖြတ်သန်းသလဲ✍️🕺📸"

#jhope #btsforeverarmy
This media is not supported in your browser
VIEW IN TELEGRAM
[ J-hope(iamurhope) TikTok Update ]

🐿️: KILLIN☆ IT GIRL
#jhope_killinitgirl #killinitgirl #jhope

ချောချက် မိုက်ချက်..🔥🖤

#jhope #jhope_KillinItGirl #btsforeverarmy
BTS FOREVER ARMY
Photo
[ J-hope Weverse Update ]

စစ်မှုထမ်းနေတဲ့အချိန် 18 လစာမလုပ်ပဲနားထားရတဲ့အလုပ်တွေကို စစ်မှုထမ်းပြီးပြန်လာတဲ့ 8 လ အတွင်း ARMY တွေအတွက် နားတောင်မနားဘဲနဲဲ့နေ့ညမအား အများကြီး အပင်ပန်းခံအကောင်းဆုံးတွေပဲကြိုးစားပေးခဲ့တာ ပင်ပန်းသွားပြီ ကိုယ်တွေ sunshine လေး..💜🫂

🐿️: ခံစားချက်တွေက မပျောက်သေးဘူးနော် hahaha
ဒီအတောအတွင်း ဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာတွေကတစ်ဆင့် ကျန်ရစ်ခဲ့တဲ့ ခံစားချက်တွေလည်း ပါနိုင်သလို ယောရော်ဘွန်းတို့ ဖော်ပြပေးခဲ့တာထက် ပိုပြီး ပဲ့တင်သံတွေ ထပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်
Artist အားလုံးက တူညီတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြင်ဆင်ထားကြပေမယ့်ဆိုတာ မလွဲမသေပါပဲ... ha
ကျွန်တော်ကတော့ အဲဒါထက်ကို နည်းနည်းပိုပြီးတော့ စွဲလမ်းနေမိတယ်ထင်ပါတယ် hahahaha!!!!

ဘယ်သူတွေက ကြည့်နေလဲ ဘယ်သူတွေက နားထောင်နေလဲ ဘယ်သူတွေက စိတ်ဝင်တစားနဲ့ ချစ်ခင်ပေးနေလဲ ဒါ့အပြင် ဘယ်သူတွေက ပိုက်ဆံကုန်ခံပြီး အချိန်တွေကို ရင်းနှီးမြှုပ်နှံနေလဲဆိုတာကို အမြဲတွေးကြည့်တဲ့အခါ နောက်ဆုံးမှာ ဦးတည်ချက်ကတော့ ARMY ယောရော်ဘွန်းတို့ပါပဲ! ဟုတ်တာပေါ့... ဒါကတော့ သေချာပေါက် မှန်တာပေါ့!.
ဒါပေမဲ့ 'သေချာပေါက် မှန်တယ်' လို့ ပြောပြီးတော့ သေချာပေါက် မှန်သလိုမျိုး ဆက်ဆံတာကတော့ သတိထားရဆုံးအပိုင်းလို့ ကျွန်တော်ထင်ပါတယ်

အဲဒီအတွက်ကြောင့်ပဲ အစီအစဉ်တစ်ခုချင်းစီကို ပေါ့ပေါ့တန်တန် မတွေးဘဲ တန်ဖိုးထားပြီး လုပ်ခဲ့တာပါ ဟုတ်တယ်မလား? haha
ဘယ်နေရာကိုမှ မလွတ်သွားအောင် ကြိုးစားခဲ့ပြီး စဉ်းစားဆင်ခြင်ပြီးမှ လုပ်ဆောင်ခဲ့ပါတယ်.

အဲဒီလိုနဲ့ ၈ လ ကုန်ဆုံးသွားပါပြီ!!!
တကယ်ကို အများကြီး သင်ယူခဲ့ရပြီး အများကြီး ခံစားခဲ့ရပါတယ် အဲဒါကို အခြေခံပြီး နောင်လုပ်ဆောင်မယ့် ခြေလှမ်းတွေကို ပိုပြီး သတိထားပြီး ချဉ်းကပ်သင့်တယ်လို့ ထင်တယ် ကြာရင်လည်း ကြာမှာပေါ့ အချိန်အလုံအလောက်ယူပြီး လေ့လာမှုတချို့ လုပ်ပါဦးမယ်
2022 နောက်ပိုင်း solo လှုပ်ရှားမှုတွေ လုပ်ကြည့်ရင်းနဲ့ နေမကောင်းဖြစ်တာတွေကိုခံစားခဲ့ရပြီး ကိုယ့်ဘာသာ ကုစားရင်း ကြီးမားတဲ့ အောင်မြင်မှုတွေကို ခံစားပြီး ယုံကြည်မှုတွေလည်း ရှိလာခဲ့သလို ကိုယ့်ကိုယ်ကိုယ်နဲ့ ချစ်ရတဲ့ fan တွေအပေါ် ယုံကြည်မှုတွေလည်း တည်ဆောက်နိုင်ခဲ့ပါတယ်

ပိုပြီး အားကောင်းလာတယ် ယောရော်ဘွန်းတို့ကျေးဇူးကြောင့်ပါ တကယ်ပြောတာပါ!!!!

ကျန်ရှိနေသေးတဲ့ Lollapalooza schedule ကိုလည်း 2022 တုန်းက Chicago ကို ပြန်သတိရရင်း နောက်တစ်ခါလောက် တောက်လောင်ကျွမ်းကြည့်ပါ့မယ်.
အချိန်တွေ အလကား ကုန်သွားတယ် ထင်လား~ ပိုပြီး ကြိုးစားနေတဲ့ပုံစံကို ပြသပေးပါ့မယ်!!
နောက်ထပ်တစ်ခါ ထပ်ပြီးတော့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးပြီး ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်!!!!!!!!

Love u all💜

#jhope #btsforeverarmy
BTS FOREVER ARMY
Photo
Suga က autism ရောဂါဝေဒနာရှင် ကလေးငယ်များနဲ့ ဆယ်ကျော်သက်များအတွက် ကုသမှုနဲ့ လွတ်လပ်စွာ နေထိုင်နိုင်ရေးကို ပံ့ပိုးရန် 5 billion won လှူဒါန်းခဲ့ပါတယ်💜

Severance ဆေးရုံ နဲ့ BTS အဖွဲ့ဝင် SUGA တို့က autism spectrum ရောဂါဝေဒနာရှင်များရဲ့ ကုသမှုနဲ့ လူမှုရေးဆိုင်ရာ လွတ်လပ်စွာ နေထိုင်နိုင်ရေးကို ပံ့ပိုးကူညီဖို့အတွက် အထူးကုသရေးစင်တာတစ်ခုကို တည်ထောင်နေပါတယ်

Suga က "လွန်ခဲ့တဲ့ ခုနစ်လတာကာလအတွင်း Professor Cheon Geun-ah နဲ့အတူ program ပြင်ဆင်မှုတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ လုပ်ဆောင်ရင်း ဂီတဟာ စိတ်ခံစားမှုတွေကို ဖော်ပြဖို့နဲ့ ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ တန်ဖိုးရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်

ဆက်လက်ပြီး Suga က "Autism ရောဂါဝေဒနာရှင် ကလေးငယ်တွေရဲ့ ကုသမှု လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်ပြီး ပျော်ရွှင်မိပါတယ် ကလေးငယ်တွေ ပိုမိုများပြားစွာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်အောင်လည်း ဆက်လက်ကြိုးစားသွားပါမယ်" လို့ ထပ်မံပြောကြားခဲ့ပါတယ်

မျက်နှာလေးမြင်ရပြီ မျက်နှာလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ တအားကို ချစ်စရာကောင်း😭🫶🏻 အလှူအတန်းရက်ရောပြီး အရမ်းစိတ်ထားကောင်း နွေးထွေးကြင်နာတတ်တဲ့ နတ်သားလေး Yoongi ဒီထက်မက အများကြီးလှူနိုင်တန်းနိုင်ပါစေ ⊹ ⋆゚ ꒰ఎ ♡ ໒꒱ ⋆゚⊹

#SUGA #btsforeverarmy
ဘာမှမပြောင်းလဲ ပိုတောင်ချစ်ဖို့ကောင်းလာတယ်🥰
Our Seven 🫡
Aigoo ချစ်စရာလေးတွေ🤍
j-hope 'HOPE ON THE STAGE' FINAL Photo Sketch 💜

HOPE ON THE STAGE' FINAL က ပုံလှလှလေးတွေ..💜🫶🏻

#jhope #제이홉 #HOPE_ON_THE_STAGE_TOUR_FINAL #HOS_TOUR_FINAL #jhope_TOUR #btsforeverarmy
2025/07/06 16:29:42
Back to Top
HTML Embed Code: