Telegram Web Link
[ Jin Weverse Update ]

🐹: ကျွန်တော်တို့ရဲ့ ARMY တွေ
Korea မှာ ကျွန်တော်နဲ့အတူ Run Seokjin ကို အတူတူ ပါဝင်ပေးခဲ့ကြတဲ့အတွက် အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ်
တစ်သက်လုံး မမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်နေမှာပါ
နောက် Run Seokjin မှာလည်း အားလုံး အတူတူရှိကြမယ်နော်
ချစ်ပါတယ် ကျွန်တော်တို့ရဲ့ ARMY တွေ
တစ် နှစ် သုံး Run~~~Seokjin

#JIN #btsforeverarmy
[Exclusive] BTS အဖွဲ့ဝင် Jimin နဲ့ Jungkook တို့က စစ်မှုထမ်းပြီးနောက် ပထမဆုံး အတူတူပါဝင်ထားတဲ့ variety show 'Are You Sure?!' Season 2 ကို ရိုက်ကူးပြီးစီးသွားပါပြီ 💜

Jimin နဲ့ Jungkook တို့က မကြာသေးမီက reality varity show ဖြစ်တဲ့ 'Are U Sure?!' Season 2 ကို ရိုက်ကူးပြီးစီးခဲ့ပါတယ် ဒီ season ကို သူတို့နှစ်ဦး စစ်မှုထမ်းပြီးနောက် ချက်ချင်း အလျင်အမြန် ရိုက်ကူးခဲ့ပြီး Switzerland နဲ့ Vietnam တို့မှာ ရိုက်ကူးခဲ့ပါတယ် အစီအစဉ်ထုတ်လွှင့်မယ့်အချိန်နဲ့ ထုတ်လွှင့်ပြသမယ့်ရက်စွဲကိုတော့ အတိအကျထုတ်ပြန်ခြင်းမရှိသေးပါဘူး

'Are You Sure?!' Season 2 ကို မျှော်နေပါပြီ..🤍🫶🏻

#JIMIN #jungkook #btsforeverarmy
BTS FOREVER ARMY
Photo
ကိုယ်တွေကောင်လေး 7 ယောက်နဲ့ပတ်သတ်ပြီး ဒီလိုမျိုး ထိထိရောက်ရောက်လုပ်သင့် အရေးယူသင့်တာကကြာပါပြီ👍🏻💜

[NOTICE] Artist အခွင့်အရေးချိုးဖောက်မှုများအပေါ် ဥပဒေကြောင်းအရ အရေးယူခြင်းဆိုင်ရာ ဆောင်ရွက်မှုများနဲ့ ပတ်သတ်ပြီး သတိပေးချက် (June.30.)

Hello.
BIGHIT MUSIC ဖြစ်ပါတယ်

BTS အပေါ်ထားရှိတဲ့ စိတ်အားထက်သန်တဲ့ ပံ့ပိုးမှုအတွက် အမြဲတမ်း ကျေးဇူးတင်ရှိပါတယ်

ကျွန်တော်တို့ရဲ့ artist တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ချက်ဆိုးနဲ့ ဝေဖန်မှုတွေ မှားယွင်းတဲ့သတင်းဖြန့်ဝေမှုတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ အပါအဝင် BTS ကို ပစ်မှတ်ထားတဲ့ တရားမဝင် online လှုပ်ရှားမှုတွေအတွက် ကျူးလွန်သူတွေကို တရားဥပဒေအရ ပုံမှန် အရေးယူဆောင်ရွက်နေပါတယ်.

ဒီသုံးလပတ်ကာလအတွင်းမှာလည်း fan တွေရဲ့ အဖိုးတန်အစီရင်ခံစာတွေကို အခြေခံပြီး ပြည်တွင်းပြည်ပ platform အမျိုးမျိုးမှာ အန္တရာယ်ရှိတဲ့ post တွေရဲ့ သက်သေအထောက်အထားတွေကို ဆက်လက်စုဆောင်းခဲ့ပါတယ် အဲဒီ platform တွေကတော့ ပြည်တွင်းအင်တာနက်ကွန်မြူနတီတွေ (NAVER, Daum, Nate, TheQoo, DC Inside အတွင်းရှိ BTS Gallery နဲ့ Male Celebrities Gallery အပါအဝင် "galleries" ပေါင်းများစွာ၊ Instiz, Ilgan Best, FMKorea, Women's Generation, Jjukbbang Cafe, SoulDresser, စသည်တို့), music sites (Melon, Bugs Music, Genie Music, စသည်တို့) နဲ့ international social media channels (ဥပမာ- X, Instagram, YouTube, စသည်တို့) တို့ ဖြစ်ပါတယ် ဒီသက်သေအထောက်အထားတွေအပေါ် အခြေခံပြီး အဲဒီ communitie တွေထဲမှာ တွေ့ရှိရတဲ့ ဆိုးရွားတဲ့ post တွေရဲ့ ရေးသားသူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်.

တစ်ချိန်တည်းမှာပဲ 2024 ခုနှစ် တတိယသုံးလပတ်မှာ တိုင်ကြားခဲ့တဲ့အမှုတွေနဲ့ ပတ်သက်ပြီး ဒဏ်ကြေးတွေ အတည်ပြုတာ အပါအဝင် ပြစ်ဒဏ်တွေကို ဆက်တိုက်ဆုံးဖြတ်နေပါတယ် တခြားတိုင်ကြားမှုတွေကိုလည်း အကောင်းဆုံးရလဒ်တွေ ရရှိစေဖို့အတွက် တာဝန်ယူစိတ်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ

ထို့အပြင် BTS အဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မကြာသေးခင်က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ် ကျူးလွန်သူကို သင့်လျော်တဲ့ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် CCTV မှတ်တမ်းတွေနဲ့ တခြားသက်သေတွေအပေါ် အခြေခံပြီး သက်သေအထောက်အထားတွေ စုဆောင်းတင်ပြခြင်းဖြင့် ရဲတပ်ဖွဲ့နဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပါတယ်.

BTS member တွေကိို နောက်ယောင်ခံ(stalking)နှောင့်ယှက်ခံရတဲ့ဖြစ်ရပ်တွေမှာ ကျူးလွန်သူတွေကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ဖို့ ချက်ချင်း ရဲတိုင်ကြားမှုတွေ ပြုလုပ်ပြီး တားမြစ်မိန့်လျှောက်လွှာတွေလည်း တင်သွင်းပါတယ် ကျွန်တော်တို့ artist တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို သည်းခံခွင့်လွှတ်မှုမရှိဘဲ ခိုင်မာတဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်.

BTS member တွေက မကြာသေးမီက စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက် fan တွေဆီ ပြန်ရောက်လာရှိတာကြောင့် အန္တရာယ်ရှိတဲ့ ကောလာဟလတွေ ဒါမှမဟုတ် စော်ကားတဲ့ commentတွေကြောင့် သူတို့ ထိခိုက်မှုမရှိစေဖို့ ပိုမိုပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်နေပါတယ်.

အခြေအမြစ်မရှိတဲ့ ကောလာဟလဖြန့်ဝေမှုတွေ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်တာတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ကျူးကျော်ဝင်ရောက်တာတွေ အားလုံးဟာ ဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်ပါတယ် ဒီပြစ်မှုတွေအတွက် ဘယ်လိုနားလည်မှုမျိုးမှမပေးဘဲ တင်းမာစွာ တုံ့ပြန်သွားမှာဖြစ်ပြီး fanတွေရဲ့ report တွေက ဒီလုပ်ငန်းစဉ်အတွင်းမှာ အလွန်အရေးပါတဲ့ အထောက်အကူဖြစ်ပေးပါလိမ့်မယ်.

BTS member တွေကို ပစ်မှတ်ထားတဲ့ ဆိုးရွားတဲ့ post တွေ ဒါမှမဟုတ် IP ချိုးဖောက်မှုလိုမျိုး သူတို့ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နိုင်တယ်လို့ သံသယရှိတဲ့ ဖြစ်ရပ်တွေကို တွေ့ရှိပါက "HYBE Artist Rights Violation Report Website (protect.hybecorp.com)" ကနေတစ်ဆင့် သတင်းပို့ပေးနိုင်ပါတယ် fan တွေရဲ့ သတင်းပို့မှုတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရာမှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့အတွက် ဖုန်းနဲ့ရိုက်ကူးထားတဲ့ screenshot တွေထက် PC ကနေ full-screen screenshot တွေ ဒါမှမဟုတ် စာမျက်နှာအပြည့် print ထုတ်ထားတဲ့ file တွေ (PDF) ကို ပေးပို့ဖို့ အကြံပြုလိုပါတယ် ဒါ့အပြင် URL, အသုံးပြုသူအမည် post ရဲ့အကြောင်းအရာ နဲ့ screenshot ရိုက်ထားခဲ့တဲ့ ရက်စွဲ တွေဟာ တရားဥပဒေလုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့အချက်အလက်တွေ ဖြစ်တာကြောင့် သေချာစွာ မြင်နိုင်ဖို့ သေချာစစ်ဆေးပေးပါ.

BTS ကို အမြဲ စိတ်ဝင်စားပြီးပံ့ပိုးအားပေးနေတဲ့ fan တွေကို အမြဲတမ်း အထူးကျေးဇူးတင်ရှိပါတယ်
BTS FOREVER ARMY
Photo
BIGHIT MUSIC အနေနဲ့ ကျွန်တော်တို့ရဲ့ artist တွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်

ကျေးဇူးတင်ပါတယ်.

BIGHIT MUSIC

#BTS #btsforeverarmy
[ Wootteo IG Update ]

Cap: "Run Seokjin click
Wootteo အရမ်းပျော်ခဲ့ရပါတယ်
နောက်တစ်ခါ ဘယ်ကိုသွားကြမလဲ"

ချောလွန်းလို့ ပြောစရာစကားတောင်ပျောက်တယ် ㅠㅠ

#JIN #btsforeverarmy
[ BTS Offical X Update ]

[#TodaysBangtan]
"Dessert က ဘာလို့ လိုအပ်တာလဲ.. Sweet Dreams stage ကို ကြည့်လိုက်တာနဲ့တင်ရပါပြီ..🍫🍬🍯 Hobi နဲ့အတူ တနင်္လာနေ့ကနေ ချိုမြိန်စွာ စတင်လိုက်ကြရအောင်~💜

အရမ်းမိုက် အရမ်းချော ₊˚⊹ᡣ𐭩

#TodaysJHope #jhope #BTS #BTS #jhope_SweetDreams #CDTV #CDTVLiveLive #btsforeverarmy
ချစ်မွှေးလေး လုံးလုံးပြည့်ပြည့်လေး🥰🤍
2025/07/01 03:42:47
Back to Top
HTML Embed Code: