Forwarded from U Kan Myint Than
မအူပင်မြို့ သို့မဟုတ် စိန်ပန်းပင်တွေနဲ့လှတဲ့မြို့ငယ်
မြို့ပြမဆန်တဲ့မြို့ကလေးတစ်မြို့ရဲ့
တောက်ခေါက်သံဟာ အဲ့ဒီလောက်မကျယ်ဘူး
တိုးမြစ်ငယ်ဟာမြို့ကလေးရဲ့ဘေးမှာ
သူ့အရှိန်နဲ့သူစီးနေတယ်
ငှက်တွေမအူပင်တံတားပေါ်ကဖြတ်ပျံသွားကြသလိုမြို့အဝင်လမ်းမှာ ရောင်စုံစိန်ပန်းပင်တွေဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကြီးဟာ မြို့သူမြို့သားတွေကိုတည်ငြိမ်လေးနက်တဲ့အကြည့်နဲ့ကြည့်နေလေရဲ့
ကမ်းနားလမ်းကအပြာရောင်နာရီစင်ကြီးဟာအိုနေပြီ
မြို့လယ်ကလွတ်လပ်ရေးကျောက်တိုင်ဟာအထီးကျန်နေတယ်
ခိုတွေဟာလမ်းဘေးစျေးသည်တွေရဲ့ကြားမှာညည်းတွားလို့
နှစ်ဦးနှစ်ဖက် အကျိုးပြုနေတဲ့ အလုပ်ရှင်နဲ့အလုပ်သမားတွေ
မနက်ပိုင်းဆို မြစ်ဆိပ်မှာ လှေနဲ့ သင်္ဘောတွေခေါင်းထိုးစိုက်တယ်
ရွာအချို့ကတတ်လာကြတဲ့ စျေးဝယ်သူများဟာလှုပ်လှုပ်ရှားရှား
လူတန်းစားပေါင်းစုံနဲ့မြို့ကလေးဟာ
အဲ့ဒီလိုလည်းအသက်ဝင်နေပြန်ပေါ့
ငါတို့မြို့မှာ
ဘုန်းကြီးကျောင်းတွေရှိတယ်
ဘုရားစေတီတွေရှိတယ်
ခရစ်ယာန်ကျောင်းတွေရှိတယ်
ဗလီတွေရှိတယ်
ဒါပေမဲ့ရန်မဖြစ်ကြ
ခရစ်ယာန်ဘာသာဝင်တွေက သံဃာတော်တွေကို လက်အုပ်ချီသလို
အစ်စလမ် ဘာသာဝင်တွေက လေလွင့်ခွေးလေးတွေကိုအစာကျွေးတယ်
လယ်ကွင်း စိုက်ခင်းတွေဟာ မြို့ရဲ့မိုင်အနည်းငယ်အကွာမှာ
စက်ရုံသစ်တွေကြောင့် အလုပ်လက်မဲ့ဦးရေပိုနည်းလာတယ်
နယ်ခြားအလုပ်သမားတွေနဲ့ မြို့ကလေးဟာ အရင်ကထက်စည်းကားလို့
မြို့ရှောင်လမ်းက မအူပင်တက္ကသိုလ်ကြီးဟာ စိန်ပန်းပင်တွေနဲ့အပြိုင်လှဆဲ ပွင့်ဆဲ
ငါတို့ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ မြို့ထဲက လက်ဖက်ရည်ဆိုင်တွေလည်းထိုင်ခဲ့ မြို့ပြင်က တိုင်လုံးတွေပေါ်လည်းရောက်ခဲ့
ရေလမ်းလမ်းမပေါ်က တွန်းလှည်းစျေးဆိုင်ကလေးတွေရဲ့ အသွင်ဟာ အသေးစား ညစျေးလေးတစ်ခုလိုပေါ့
မီးရောင် ကြယ်ရောင် တွေနဲ့ အလှဆင်ထားတဲ့စားသောက်ဆိုင်တွေမှာ ညအချိန်ဆိုလူတွေပြည့်နေတတ်တယ်
ဒီလိုလှပမှုတွေ ပြည်စုံနေတဲ့ မြို့လေးမှာ မွေးဖွားခွင့်ရလို့ ကျေနပ်မိတယ်…
နှောင်ရစ်
Facebook page link
👇👇
https://www.facebook.com/profile.php?id=61581762624406&mibextid=ZbWKwL
Youtube link
👇👇
https://www.youtube.com/@ukanmyintthan
Telegram link
👇👇
https://www.tg-me.com/ukanmyintthan
Tiktok Link
👇👇
https://www.tiktok.com/@ukanmyintthan2023?_t=ZS-90lZMwQhOyY&_r=1

❤297👍177😁9👌4🕊2💯2🙏1
This media is not supported in your browser
VIEW IN TELEGRAM

စာအံသံတွေ တညံညံနဲ့ ပြန်လည်အသက်၀င်လာပြီဖြစ်တဲ့ သီပေါမြို့ကလေး။
"ပညာမြင့်မှ လူမျိုးတင့်မည်"
မှိုင်းဝေ
"ပညာမြင့်မှ လူမျိုးတင့်မည်"
မှိုင်းဝေ
❤632👍336👌11😍7😁5💯3😢2