Telegram Web Link
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းရှိ ဗျိုင်းကျွန်းနှင့်
ဂျယ်ရီကျွန်း ဆက်လမ်းဆောင်ရွက်ထားမှုအခြေအနေများနှင့် ကိုကိုးကျွန်းတပ်နယ်ရှိ နွားမွေးမြူရေးခြံအတွင်း ဒေသနွားများ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေး
👍296🥰1
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ကိုကိုးကျွန်းမြိုရှိ မြိုမိမြိုဖများနှင့် တွေ့ဆုံ၍
ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး
+++++
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် သည် ကိုကိုးကျွန်းမြိုရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား အောက်တိုဘာလ
၁၈ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားပါတယ်။ ထိုနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကိုကိုးကျွန်းမြိုရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကိုကိုးကျွန်းမြိုအထက်တန်းကျောင်းအတွက် စာရေးကိရိယာများကိုလည်းကောင်း ပေးအပ်ရာ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ကိုကိုးကျွန်းမြိုနယ်အထက်တန်းကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့တယ်လို သိရပါတယ်။
👍296🥰1
ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
👍2510🥰1
This media is not supported in your browser
VIEW IN TELEGRAM
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈) (၁၀/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ
👍194
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
==========================
၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။

၂။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ၂၃ - ၉- ၂၀၂၅ ရက်နေ့မှ ၄ - ၁၀ - ၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က) နှင့် ပုံစံ (၁၀-ခ) များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၁၉-၁၀-၂၀၂၅ ရက်နေ့၌ တစ်ပြိုင်တည်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
👍216
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
👍214
Media is too big
VIEW IN TELEGRAM
လေးကေ့ကော်မှာ တပ်မတော်နဲ့အတူ အကြမ်းဖက်သမားများကို လက်တွဲချေမှုန်းခဲ့သည့် BGF များအား ဒေသခံများက ဂုဏ်ပြုကြိုဆို ❤️❤️❤️
-
တိုက်ပွဲသတင်းစုံ
28👍20
2025/10/25 19:20:56
Back to Top
HTML Embed Code: