Telegram Web Link
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာ စာကြည့်တိုက်သစ်ဖွင့်လှစ်
👍155
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၄၅ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)တာဝန်မှ အနားယူခွင့်ပြုခြင်း
👍117
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ်၊ ၄၆ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ခန့်အပ်တာဝန်ပေးခြင်း
👍164
မွန်ပြည်နယ်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပလျှက်ရှိသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို လာမည့်(တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
🙏201
မွန်ပြည်နယ်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပလျှက်ရှိသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို လာမည့်(တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
+++++
မွန်ပြည်နယ်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပလျှက်ရှိသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို လာမည့်(တန်ဆောင်မုန်းလပြည့်နေ့) နိုဝင်ဘာလ ၄ ရက်နေ့တွင် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် သထုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၅၀ ကျောင်းမှ သံဃာတော် ၉၉၁ ပါးနှင့် သီလရှင်ကျောင်း ၉၈ ကျောင်းမှ သီလရှင် ၂၀၄ ပါးတို့ အလှူခံကြွရောက်မည်ဖြစ်သည်။
ထို့ကြောင့် သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စေတနာရှင်ပြည်သူများ ဆွမ်းဆန်စိမ်း လာရောက်လောင်းလှူနိုင်ပါကြောင်း အသိပေးနှိူးဆော်ထားပြီး ဆွမ်းဆန်စိမ်းလောင်လှူမည့် စေတနာရှင်များအနေဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူမည့် နေရာများကို ဂေါပကအဖွဲ့ရုံး၌ လာရောက်၍ သတ်မှတ်နေရာများ ယူဆောင်နိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် နိဗ္ဗာန်ဈေး စတုဒီသာလှူဒါန်းသူများအနေဖြင့် ဓါတ်တော်ဆေးကန်ရှေ့မြေကွက်လပ်နေရာတွင် မိမိအစီစဉ်ဖြင့် လာရောက်ကျွေးမွေးနိုင်ပါကြောင်း သိရသည်။
🙏244
ကျိုက်မရောမြိုနယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်အတိုင်း ထုတ်ပေး

ကျိုက်မရောမြိုနယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာများအား အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီ မှ စတင်ကာ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိပါတယ်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို လစဥ်(၂၁)ရက်မှ စတင်ကာ နံနက်(၈)နာရီ ဘဏ်ဖွင့်ချိန်မှ ညနေ(၃)နာရီအထိ ရုံးဖွင့်ရက်များအတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် အုပ်စုများခွဲ၍ စနစ်တကျ ထုတ်ပေးလျက်ရှိပြီး အသက်အရွယ်ကြီးသူ အငြိမ်းစားများအား ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်ပါက မိသားစုဝင်များမှ ကိုယ်စားလှယ်လွှစာဖြင့် လူစားလာရောက်ထုတ်ယူပေးရန် စီးပွားရေးဘဏ်ခွဲမှ တာဝန်ရှိသူက ဆောင်ရွက်ပေးထားကြောင်း အငြိမ်းစားများအတွက် ယခုလမှစတင်ကာ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေကျပ် သုံးသောင်းပါ ရရှိကြသဖြင့် အငြိမ်းစားဝန်ထမ်းများအားလုံး ဝမ်းသာပျော်ရွင်လျက်ရှိကြောင်း ပင်စင်လစာငွေ ကိုယ်တိုင်လာရောက် ထုတ်ယူသူ အငြိမ်းစားဝန်ထမ်း တစ်ဦးဆီမှ သိရသည်။
👍276😱1🙏1
ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ ဖားပေါင်ကျေးရွာမှာ စာသင်ကြားနေတဲ့ ဆရာမရဲ့ နေအိမ်ကို စစ်သွေးကြွ KNU အဖွဲက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အမျိုးသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦးသေဆုံးပြီး ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသား (၁၁)ဦး ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိ။

မှိုင်းဝေ
😱20🙏5
2025/10/26 18:40:56
Back to Top
HTML Embed Code: