Forwarded from News Of Myanmar NOM
ပုလောမြို့နယ်၊ အောက်ပေါင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးခန္တီစာရကို PDF အကြမ်းဖက်အဖွဲ့က တပ်မတော်သတင်းပေးဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား
NOM အောက်တိုဘာ ၁၈၊ ၂၀၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အောက်ပေါင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးခန္တီစာရ (၅၂) နှစ် (၂၃) ဝါသည် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ပုလောမြို့နေ ကိုအောင်ပြည့်စုံ (၂၃) နှစ်မောင်းနှင်သည့် TOYOTA WISH အမျိုးအစားမော်တော်ယာဉ်ဖြင့် ရေချို ကျေးရွာမှ ပုလောမြို့ဘက်သို့ ထွက်ခွာလာစဉ်ရေချိုကျေးရွာရှိ ဘောလုံးကွင်းအနီးအရောက် အသင့်စောင့်နေသည့် PDF အကြမ်းဖက်အဖွဲ့ အင်အားငါးဦးခန့်က မော်တော်ယာဉ်အား တားဆီး၍ ဆရာတော် ဥူးခန္တီစာရအား "တပ်မတော်သတင်းပေး" ဟုစွပ်စွဲပြောဆိုကာ မော်တော်ယာဉ်နှင့်အတူ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ကိုအောင်ပြည့်စုံအား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
News Of Myanmar NOM

😡42❤5👍1🙏1🤡1
what is the answer?
လူမျိုးရေးအစွန်းရောက် ပလောင်အကြမ်းဖက်တွေ ကင်းစင်သွားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့လေးတွေကတော့ အေးဆေးသွားပါပြီ၊ သီပေါမြို့မှာလည်း ဌာနဆိုင်ရာတွေ ပြန်လည်နေရာချထားပြီး စစ်ဘေးရှောင်ပြည်သူတွေ ကိုယ့်အိမ်ကိုယ် ပြန်ရောက်ကြပြီဆိုရင် ယခင်ကအတိုင်း အေးချမ်း တည်ငြိမ် သာယာပြီး ရှမ်းယဥ်ကျေးမှု အငွေ့အသက်တွေလွှမ်းခြုံတဲ့ ရိုးရာပွဲတော်တွေနဲ့ ပျော်ရွှင်စရာမြို့လေးအဖြစ် ပြန်လည်အသက်ဝင်လာတော့မှာပါ၊
ပြည်ထောင်စုလမ်းမကြီး မန္တလေးကနေ လားရှိုးအထိ ပွင့်ဖို့ကတော့ သီပေါ-လားရှိုးကြား လမ်းမကြီးတလျှောက်စိုးမိုးထားတဲ့ ကိုးကန့်သူပုန် (mndaa)နဲ့ မြန်မာစစ်တပ်/အစိုးရတို့ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲ စောင့်ကြည့်ရဦးမှာပါ၊ ကိုးကန့်သူပုန် (mndaa)ဟာ သီပေါကနေ လားရှိုးဖက်အထွက် တံတားကြီးအပြင်ဖက်ထိပ်ကနေစပြီး လားရှိုးမြို့အဝင် မြို့ရှောင်လမ်းဂိတ်အထိနဲ့ သီပေါကနေ (၉)မိုင်လမ်းခွဲ နမ့်လန်လမ်းမှာလည်း နားမခေါ်-ကောင်းဟတ်အထိ တပ်စွဲ စိုးမိုးထားပါတယ်၊
ကုန်သွယ်ရေးလမ်းတွေမှာ သူပုန်တွေ ထိန်းချုပ်စိုးမိုးထားတော့ မိသားစုအိမ်စီးကားငယ်တချို့နဲ့ ခရီးသည်ကား အနည်းအပါးကလွဲလို့ ကုန်တင်ကားအသွားအလာ မရှိသလောက်နည်းပါးတာကြောင့် ကုန်စည်စီးဆင်းမှုအားနည်းပြီး အရောင်းအဝယ်လုပ်ငန်းတွေ မလည်ပတ်နိုင်တာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို လားရှိုးဒေသခံတွေ ခံနေကြရဆဲပါ၊ ရှမ်းတောင်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ သူပုန်ထိန်းချုပ်စိုးမိုးထားတာမရှိလို့ လားရှိုးထက်ကုန်ဈေးနှုန်း သက်သာသလို တရုတ်နယ်စပ် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံ ဒေသတွေမှာ တရုတ်ဖက်က ကုန်စည်စီးဆင်းမှုချောမွေ့လို့ လားရှိုးထက် ကုန်ဈေးနှုန်းသက်သာပါတယ်၊ ဒီတော့ လားရှိုးဒေသ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေဖို့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့ဆိုရင် လားရှိုးဧရိယာသာမက မိုင်းရယ်-ဟိုယ၊ သီပေါ၊ နားမခေါ်-ကောင်းဟတ်အထိ နယ်ကျွန် တပ်စွဲ စိုးမိုးထားတဲ့ ကိုးကန့်သူပုန် (mndaa)ကို မြန်မာအစိုးရ ဘယ်လိုဖြေရှင်းမလဲဆိုတာ လားရှိုးဒေသခံတွေ မျှော်လင့်တကြီး စောင့်စားနေကြပါတယ်၊
မန္တလေး-မူစယ်၊ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းမကြီး ဖွင့်နိုင်ဖို့ကတော့ လောလောဆယ်မှာ မျှော်လင့်လို့မရသေးပါဘူး၊ လားရှိုးမှာတောင်မှ မြန်မာအစိုးရက မြို့တွင်း (၁၂)ရပ်ကွက်ပဲ ထိန်းချုပ်ခွင့်ရပြီး မြို့နဲ့တဆက်တစပ်ထဲရှိတဲ့ မြို့ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ ကြာကန်ကနေ မြို့ရှောင်လမ်းတလျှောက်နဲ့ မယ်ဟန်၊ နားမခေါ်၊ လွယ်ဝိန်း၊ ဟူးမွန်၊ တာပုန်၊ အေတီ၊ ဟိုပိတ်အထိ မြို့ပတ်ဝန်းကျင် ပတ်ချာလည်နဲ့ လားရှိုးမြို့နယ်တခွင်လုံးမှာ ကိုးကန့်သူပုန် (mndaa)တွေ စိုးမိုး ထိန်းချုပ်ထားတာကို ဘယ်လိုဖြေရှင်းမလဲ? အဖြေမရှိသေးပါဘူး၊
မြို့ပေါ်မှာ အစိုးရ ဌာနဆိုင်ရာယန္တယားတချို့ အနည်းငယ်သာ လည်ပတ်နိုင်ပြီး အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်နိုင်ပေမဲ့ တက္ကသိုလ်တွေ မဖွင့်နိုင်သေးသလို လျှပ်စစ်၊ ကျန်းမာရေး ဌာနတွေမှာလည်း မူလအနေအထားကို ပြန်မရောက်နိုင်သေးပါဘူး၊ လူမှုဝန်ထမ်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးတို့၊ ရေအရင်းအမြစ်နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကတော့ ဘာမှကို မလည်ပတ် မလုပ်ဆောင်နိုင်ကြပါဘူး၊ အပြင်ပန်းမှာတော့ မြန်မာအစိုးရအုပ်ချုပ်ရေးယန္တယား ပြန်လည်အခြေစိုက်ခဲ့တဲ့ လားရှိုးမြို့ကြီး သာယာနေပြီး ပြည်သူတွေငြိမ်းချမ်း ပျော်ရွှင်နေကြတယ်လို့ ထင်ရပေမဲ့ သောင်မတင်ရေမကျ ဘယ်ချိန် ဘာထဖြစ်လာမလဲ ကျီးလန့်စာစားဖြစ်နေရတာက လားရှိုးမြို့ခံ ပြည်သူတွေဘဝအမှန်ပါ၊ ဒီအခြေအနေတွေက လွတ်မြောက်ဖို့ လားရှိုးအတွက် "အဖြေဘာလဲ?ဘယ်ဟာလဲ?
Copy

👍38❤24🤔3🤡1
there peace?
သီပေါမြို့မှာ မြန်မာစစ်တပ်တွေက လူမျိုးရေးအစွန်းရောက် အကြမ်းဖက်ပလောင်တွေကို မောင်းထုတ်ပြီးတဲ့နောက် သီပေါမြို့စွန်ဆင်ခြေဖုန်းက နောင်အိမ်၊ ကျောင်ခုံ၊ ပန်စဝ်မိန်း၊ မြို့ဟောင်းနဲ့ လားရှိုးလမ်း၊ နမ့်လန်လမ်းတွေပေါ်မှာ ကိုးကန့်သူပုန် (mndaa)တွေက ပြည်သူ့နေအိမ်တွေမှာ တက်နေကြလို့ နေရာဖယ်ပေးထားရတဲ့ပြည်သူတွေ၊ ဘုန်းကြီးကျောင်း & သာသနိက အဆောက်အအုံတွေမှာ တပ်စွဲထားလို့ အနေအထိုင်ကျဥ်းကြပ်ပြီး အသက်တောင်ပြင်းပြင်းမရှူရဲတဲ့ ရဟန်းသံဃာ ဆရာတော်တွေ၊ စာသင်ကျောင်းတွေမှာ တပ်စွဲထားလို့ ကျောင်းဖွင့်ခွင့်မရ စာမသင်ကြရတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက်တော့ မြန်မာစစ်တပ်နဲ့ ကိုးကန့်သူပုန် (mndaa)တို့ရဲ့ အပစ်ရပ်သဘောတူညီမှုအရ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိရုံနဲ့ ပြီးပြည့်စုံတဲ့ငြိမ်းချမ်းမှု မဟုတ်ပါဘူး၊
ဒီအတွက် ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ ရေရာတဲ့လမ်းကြောင်းလည်း ရှိထားပုံမပေါ်ပါဘူး၊ မြန်မာအစိုးရအနေနဲ့ ဘယ်လိုမျက်နှာချိုသွေး နှစ်သိမ့်ပေမဲ့ ကိုးကန့်သူပုန် (mndaa)ကတော့ ခပ်တင်းတင်းပဲ ဆက်ဆံလေ့ရှိတာ သတိထားမိပါတယ်၊ ကျောင်းတွေစဖွင့်တော့မဲ့ june/july တုန်းက လားရှိုး-မယ်ဟန်မှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်၊ ဟိုပိတ်မှာရှိတဲ့ နည်းပညာတက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့၊ ဝန်တင်တပ်နဲ့ ခလရ (၆၈)တပ်ရင်းတွေ ပြန်လည်နေရာချထားနိုင်ဖို့ အဲဒီဧရိယာထဲက ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်ခွါပေးဖို့ တောင်းဆိုတုန်းကလည်း ပစ်ရပ်သဘောတူညီချက်မှာပါရှိတဲ့အတိုင်း လားရှိုးမြို့တွင်း (၁၂)ရပ်ကွက်ကလွဲပြီး ဘယ်နေရာမှ ဖယ်မပေးနိုင်ဘူးလို့ ခပ်တင်းတင်းတုန့်ပြန်ခဲ့လို့ ယနေ့အထိ ကျောင်းတွေမဖွင့်နိုင်သလို မြန်မာစစ်တပ်တွေလည်း နေရာမချနိုင်သေးပါဘူး၊
ဒါကိုကြည့်ရင် မိမိအိမ်ကို ကိုးကန့်သူပုန် (mndaa)တွေ တက်နေထိုင်ကြလို့ နေရာဖယ်ပေးထားရတဲ့ပြည်သူတွေ၊ ဘုန်းကြီးကျောင်း & သာသနိက အဆောက်အအုံတွေမှာ တပ်စွဲထားလို့ အနေအထိုင်ကျဥ်းကြပ်ပြီး အသက်တောင်ပြင်းပြင်းမရှူရဲတဲ့ ရဟန်းသံဃာ ဆရာတော်တွေ၊ စာသင်ကျောင်းတွေမှာ တပ်စွဲထားလို့ ကျောင်းဖွင့်ခွင့်မရ စာမသင်ကြရတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် မြန်မာစစ်တပ်/အစိုးရ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ? စစ်မှန်တဲ့ငြိမ်းချမ်းမှုရလာဒ်ကို သံသယအပြည့်နဲ့ပဲ မျှော်လင့်နေမိပါတယ်၊
Copy
Note
MNDAA က အပြတ်ရှင်းမှကို ရမှာပါ။ သူ့အလှည့် တချိန်ရောက်လာရမယ်။ လောက်ကိုင်ကို ပေးစရာမလို။

👍49❤42👏1🤡1😡1
View of Sue
Photo
လားရှိုး-တန့်ယန်းကြား တရုတ်ထုတ်ကုန် သျှမ်းတောင်ပေးမသယ်၊
MNDAA နှင့် UWSA အခွန်အဆမတန်ကောက်
စိုင်းခွမ်မိန်း၊ ၂၀၂၅ အောက်တိုဘာ ၁၇ ရက်
သျှမ်းပြည် လားရှိုး--တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများကို အခွန် အဆမတန် တောင်းခံနေကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တရုတ်နယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့ ကျော်လျှင် လားရှိုး-မိုင်းရယ်-တန့်ယန်း လမ်းမကြီးပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့က ကုန်တင်ကားများထံ ဆက်ကြေးအဆမတန် ထပ်မံကောက်ခံနေကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။
“ဝမ်ပန်သွားတဲ့ဘက် အခွန်ကောက်တာ များတယ်၊ ကိုးကန့်တပ်တို့ ‘ဝ’တပ်တို့က စားသောက်ကုန်တွေကို အခွန်ကောက်တာ။ တောင်ကြီးတို့ မန္တလေးတို့ဘက် သွားမယ်ဆိုရင် လွယ်ငင်းက ဂိတ်မှာ အခွန်သွားသွင်းခိုင်းတယ်။ တစ်တန်ကို ၇ သောင်း ကောက်တယ်၊ ၂ နေရာကောက်တယ်။ ဝမ်ပန်ကနေ လွယ်ကုန်းပေါင်း အဆင်းမှာ ‘ဝ’တပ် တစ်နေရာ၊ ကွန်ဟျိုးနတ်စင်မှာ ကိုးကန့်တပ် တစ်နေရာ အခွန်ဆောင်ရတယ်”ဟု အဆိုပါ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် စစ်သုံးပစ္စည်းမှလွဲ၍ ကုန်ပစ္စည်း အမျိုးအစား အားလုံးကို စက်တင်ဘာနှင့် အောက်တိုဘာလတွင် ပြန်လည်ဖြေလျော့ပေးခဲ့ပြီး တင်သွင်းခွင့်ပြုလာကြောင်း နယ်စပ်ကုန်များထံမှ သိရသည်။
တရုတ်နယ်စပ်မှတဆင့် တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် မြောက်ပိုင်းမဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများထဲ ဖြတ်သန်းလာစဉ် လမ်းကြောင်းတလျှောက် အဆိုပါ လက်နက်ကိုင်တပ် ဂိတ်များထံ အခွန်ဆက်ကြေး ပေးဆောင်ရခြင်းကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
“နောက်ဆုံးကျတော့ ပြည်သူပဲ နစ်နာတယ်၊ ခေါက်ဆွဲတစ်ထုတ် ၅၀၀၀ ပေးဝယ်ရရင် သူတို့ကို ၁၀၀၀ လောက်က အခွန်ဆောင်ရတယ် ဆိုင်က ၄၀၀၀ ပဲ ရသလိုပေါ့။ လက်နက်ကိုင်ဂိတ်လည်း ဆက်ကြေးပေးရတယ်၊ နယ်စပ်က ပစ္စည်းဆိုရင် စစ်တပ်ကလည်း ပိတ်ထားတော့ ကုန်ဈေးနှုန်း တက်တာပေါ့။ အခုကတော့ ဘာမှဖြတ်လို့ မရသေးဘူး၊ စစ်တပ်က ၂ လလောက် ပိတ်မယ်လို့လည်း ပြောနေတယ်”ဟု တန့်ယန်းမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အခြားတစ်ဘက်တွင် တရုတ်နယ်စပ်မှတဆင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများထဲ ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများနှင့် ‘ဝ’တပ်ဖွဲ့ ထိန်းချုပ် တရုတ်နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဂျူတီမပါသောကြောင့် စစ်ကော်မရှင်တပ်က သျှမ်းပြည်တောင်ပိုင်းသို့ သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်တားမြစ်ထားကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
“ကွမ်းလုံကနေ လားရှိုးဘက်အထိ ရတယ်။ တန့်ယန်း-မိုင်းရယ်ကနေ လဲချား-မိုင်းကိုင်ဘက်ကို တရုတ်ခေါက်ဆွဲဖာတွေ စစ်တပ်က ပေးမတင်ဘူး။ ၇ မိုင်ဂိတ်၊ မိုင်းရှူးဂိတ်နဲ့ လဲချားဂိတ် ပြောရရင်တော့ စစ်တပ်ဂိတ်အားလုံးပဲ တောင်ကြီးသွားတဲ့လမ်းမှာ။ မိုင်းပွန်မှာလည်း တရုတ်ပစ္စည်းတွေ တင်လာရင်တော့ လုံးဝ ပေးမဖြတ်ဘူး။ တချို့အခေါက် ပစ္စည်းသိမ်းထားပြီး ပြန်မပေးဘူး၊ အိမ်စီးကားလည်း မရဘူး”ဟု လားရှိုး-တောင်ကြီး ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ တရုတ်နယ်စပ်မှ တင်သွင်းလာသည့် အသီးအနှံများလည်း ဂျူတီအခွန် ဆောင်ထားသည့် ပြေစာမရှိခြင်းကြောင့် စစ်ကော်မရှင်တပ် ဂိတ်များတွင် ဖြတ်သန်းခွင့်မပေးဘဲ ကားပြန်လှည့်ခိုင်းကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းမှ စတင်ပြီး ပြည်ပမှတင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား နယ်စပ်ပေါက်များမှ တင်သွင်းခွင့် ယာယီပိတ်လိုက်သည်ဟု စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ညွှန်ကြားခဲ့ခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ကြောင်း ကုန်သည်များက ပြောသည်။
ပုံစာ - တန့်ယန်းမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်

👍36❤6
Tnla တွေ တံတား မိုင်းခွဲဖို့ ပြင်ထားတာတွေကို
တပ်မတော်က အချိန်မှီ ရှင်းလင်းလိုက်နိုင်ခဲ့သည်။

❤47👍25😱4🤡1