Telegram Web Link
Forwarded from Eleven Media Group
■ အုတ်တွင်းမြို့နယ်တွင် ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုး၊ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်၏အမှုမှ ကျူးလွန်ခဲ့သည့် မွေးစားမိဘနှစ်ဦးကို ထောင်တစ်သက်လွတ်ရက်မရှိအပါအဝင် ထောင်ဒဏ်များ ချမှတ်
အုတ်တွင်းမြို့နယ်တွင် ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုး၊ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်၏အမှုမှ ကျူးလွန်ခဲ့သည့် မွေးစားမိဘနှစ်ဦးကိုထောင်တစ်သက်လွတ်ရက်မရှိ အပါအဝင် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း အဆိုပါအမှုတွင် လိုက်ပါကူညီနေသူ Save The Trees Rescues Team မှ ကိုကျော်သူရက ပြောကြားသည်။
အဆိုပါ အမှုကို ဇွန် ၂၇ ရက်တွင် တောင် ငူခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဖြစ်စဉ်မှ ငါးနှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံတင်ဇော်ဝင်းအား ပုဒ်မ ၃၇၆(၃) အရ ထောင်ဒဏ်တသတ်လွတ်ရက်မရှိကျခံစေရန်၊ ပုဒ်မ၃၂၆ (၃)အရ ထောင်ဒဏ် ၂ဝနှစ်နှင့် ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

■ Read More - - - >>>https://news-eleven.com/article/303940
တိန်
တွေ့လား
ရခိုင်စစ်ရှောင်တွေဟာ အဲဒီလို
တဲစုတ်တွေနဲ့ပဲနေရတာ

တပ်က ဗုံးကြဲတဲ့နေရာ building ကြီးတွေက
ဘာ စစ်ရှောင်မှ မရှိဘူး
ဘယ်စစ်ရှောင်မှ ဝင်မနေရဲဘူး။
တွေ့လား
ထွန်းမြတ်နိုင်ရဲ့ ကောက်ကျစ်မှူ

အဲဒီ video က ဘာနယ်မြေမှ မသိမ်းနိုင်ခင်က ပြောခဲ့တဲ့ဟာပါ။
Forwarded from Eleven Media Group
ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာများ ရောင်းချပေးလျက်ရှိသော်လည်း ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများမှာ အနည်းဆုံးတစ်လီတာလျှင် ကျပ် ၁၈၀ မြင့်တက်လာ

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာများ ရောင်းချပေးလျက်ရှိသော်လည်း ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းများ တစ်လီတာလျှင် ကျပ် ၁၈၀ မြင့်တက်လာသည်ဟု စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြုးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ သိရသည်။

ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၃၁၄၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၂၁၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ်၂၇၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၃၃၈၅ ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၉၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၀၃၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ်၂၅၀၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၃၁၀၀ ဖြစ်ကြောင်း သိရသည်။

■ Read More - - - >>>https://news-eleven.com/article/303942
ရခိုင်တွေတော့ ဘယ်သူမှ လှူသူ မရှိ
View of Sue
Photo
ပလက်ဝမြို့နယ် ရှင်းလက်ချောင်းနှင့် ယုံလက်ချောင်ဒေသတွင် အေအေက တပ်သားသစ် အတင်းအဓမ္မ စုဆောင်း

ဧပြီလ ၂၃ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ချောင်းထဲရှိ ရကန်ကျေးရွာမှ ပြည်သူအမျိုးသား ၄ ဦးကို AA ခန့် အုပ်ချုပ်ရေးမှူးမှ အတင်းအဓမ္မခေါ်ယူကာ AA တပ်ဖွဲ့ထံ စစ်သင်တန်းတက်ရန်အတွက် ရွှေလိုက်ဝ ကျေးရွာအေအေ တပ်စခန်းတွင် ဧပြီလ ၁၆ ရက်နေ့ကတည်းက စစ်သင်တန်းတက်ရောက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များ ၏ ယနေ့ ဧပြီ ၂၃ ရက်နေ့ သတင်းပေးပို့ချက်အရ သိရသည်။

စစ်သင်တန်းတက်ရန် စုဆောင်းခြင်းခံရသူများမှာ ပလက်ဝမြို့နယ်၊ ရကန်ကျေးရွာနေ ဦးကံဝှေ့ အသက် ၃၈နှစ် (ဘ ဦးအေးယိုး)၊ Akietie (ခ) ဦးလာဗျတ်ဒီးကာ အသက် ၂၂နှစ် (ဘ ဦးပြည်ဝေး)၊ အန်အက်ကာ(ခ) ဦးကျော်ဆန်း အသက် ၃၆နှစ် (ဘ ဦးပုလော့)နှင့် မြိုလူမျိုးတစ်ဦးဖြစ်သည်။

“အေအေတွေက သူတို့ကိုယ်တိုင်လာပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အေအေက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်နဲ့ ကျေးရွာဘာသာရေးခေါင်းဆောင်တွေက တစ်ဖက်လှည့် ခေါ်ယူပြီး စေခိုင်းတာဖြစ်တယ်။ စစ်သင်တန်းတက်ဖို့အတွက် သူတို့က အတင်းအဓမ္မလုပ်တော့တာပဲ။ ဆိုတော့ အခု အေအေရဲ့စစ်သင်တန်းကျောင်းမှာ စေလွှတ်ခံရတဲ့ သူတို့ ၄ ယောက်ထဲမှာ ၃ ယောက်က ဇနီးသားမယားရှိ ပြီးတော့ သွားချင်တဲ့ဆန္ဒလည်းမရှိဘူး။ သူတို့ဇနီးတွေကလည်း ခွင့်မပြုဘူး။ သူတို့က အိမ်ထောင်ဦးစီးဆို တော့လေ၊ မိသားစုရဲ့စားဝတ်နေရေးအတွက် အဓိကရှာဖွေကျွေးမွေးနေရတယ်ဆိုတော့ အခုလို အေအေဆီမှာ စစ်သင်တန်းတက်တယ်ဆိုရင် အိမ်မှာ စားဝတ်နေရေး ဒုက္ခရောက်ကုန်မှာပေါ့။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အကြောင်းပြတာက ကျေးရွာလုံခြုံရေးအတွက်ကောင်းဖို့ကို အခုလိုစေလွှတ်ရတာဖြစ်တယ်ဆိုပြီးတော့ ပြော တယ်...” ဟု ဤအကြောင်းအရာကို သိသည့် ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ရွှေလိုက်ဝကျေးရွာရှိ အေအေ၏စစ်သင်တန်းကျောင်းတွင် ရောက်ရှိနေကြသူများမှာ ရှင်းလက်ချောင်းနှင့် ယုံလက်ချောင်းဒေသမှ ဒေသခံပြည်သူများဖြစ်ပြီး မိမိစိတ်ဆန္ဒမပါဘဲ အေအေတပ်ဖွဲ့မှ အတင်းအဓမ္မ စစ်သင် တန်းတက်ရန် စုဆောင်းခံရသည့်သူများသာ အများအားဖြင့်ပါဝင်ပြီး သင်တန်းတက်ရောက်ပြီးမှသာလျှင် သူတို့ ရွာတွင် ပြန်လည်နေထိုင်ခွင့်ရရှိရေး အေအေတပ်ဖွဲ့ထံ ကျေးရွာအုပ်ချုပ်ရေးမှူးအနေနှင့် တောင်းဆို မည်ဟု ပြောကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“အေအေတွေက ကျွန်တော်တို့ဒေသမှာ လာပြီးတော့ အတင်းအဓမ္မစစ်သင်တန်းတက်ဖို့အတွက် လုပ်တယ်၊ လူငယ်လူလတ်ပိုင်းတွေက ငြင်းဆန်လို့မရဘူး၊ ငြင်းဆန်တယ်ဆိုရင် အပြစ်ပေးတယ်၊ သူတို့ကိုကြောက်လို့ အားလုံးက စစ်သင်တန်းတက်နေရတာ၊ ဘယ်သူမှ မလွန်ဆန်ရဲကြဘူး၊ ကြည့်ပါလား၊ စစ်သင်တန်းတက်ဖို့ ပို့ခံရတဲ့နေ့ကစပြီးတော့ မိသားစုညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်မရတော့ဘူး၊ သူတို့သင်တန်းတက် ပြီးတယ်ဆိုရင်လည်း ဘယ်လိုအခြေအနေတွေ လာအုံးမလဲဆိုတာ မသိသေးဘူး၊ အရင်က ကြားသိရတာတွေမှာ သင်တန်းဆင်းပြီးတဲ့လူတွေကို စစ်မြေပြင်ကို တန်းပို့တာတွေ၊ မိသားစုနဲ့အလှမ်းဝေးတဲ့နေရာတွေမှာ တန်းပို့တာ တွေ လုပ်ကြတယ်လို့ သိရတယ်၊ အခုလည်း ဒီလိုပဲ၊ သင်တန်းဆင်းပြီးတော့ သူတို့ကို ရွာမှာပြန်ပို့မယ်ဆိုတာတော့ အယုံအကြည်မရှိဘူး၊ သူတို့လုပ်နေကျ အရင်လမ်းစဉ်အတိုင်းပဲ လုပ်မြဲလုပ်နေမှာပဲ၊ ဒါကြောင့် ဒေသခံတွေ စိတ် ဆင်းရဲနေရတာ...”ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ရီလထဲတွင်လည်း ဒေသခံ ၅၂ ဦးကို အေအေတပ်ဖွဲ့ က အတင်းအဓမ္မ စစ်မှုထမ်းရန်အတွက် နာမည်စာရင်းအတိအကျဖြင့်ခေါ်ယူကာ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ခြင်းပြုလုပ်ခဲ့ပြီးနောက် ယခုလတွင်လည်း ရကန်ကျေးရွာနှင့် ရှင်းလက်ချောင်း၊ ယုံလက်ချောင်းထဲရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို အတင်းအဓမ္မစုဆောင်းမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

သတင်း - James Roe

ပုံ - ပေးပို့
ပုံစာ - ရှင်းလက်ဝကျေးရွာကိုမြင်ရပုံ။

#khumimediagroup
#shinletwa
#Paletwa
#chinstate

Website Link;
https://khumimediagroup.com/2025/04/23/ပလက်ဝမြို့နယ်-ရှင်းလက်ခ/
ရေးမြို့နယ်၊ စံပြရွာတွင် သစ်သီးရောင်းသူ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို KNU နှင့် PDF က ဒလန်စွပ်စွဲကာ သတ်ဖြတ်

၂၇. ၆. ၂၀၂၅
Written by Nay Moe

ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာနေ ဦးမြင့်စိုး(ခ)ကိုညာ(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမြင့်စိုး(ခ)ကိုညာသည် စံပြရွာ ဇာတိမဟုတ်ဘဲ နေပြည်တော်ပျဉ်းမနားဇာတိဖြစ်ကာ စံပြရွာတွင် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက အခြေချနေထိုင်ပြီး သစ်သီးရောင်းသူဖြစ်ကာ လက်နက်ကိုင်များနှင့် ဆက်စပ်မှုမရှိ ….

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=104749

#KNU #ရေးဘီလူး #PDF #စံပြကျေးရွာ #ရေး #EAOs #NUG #PDF #MT #mtnews #MyanmarTransparency
အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တန်ဖိုးရှိ ဖမ်းမိ မူးယစ်ဆေးများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီး

MT News
၂၇. ၆. ၂၀၂၅

ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်း အစီအစဉ်များကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့၊ ကသာမြို့နှင့် ရွှေဘိုမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁,၃၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁,၇၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁ သန်းကျော်၊ အိုက်စ် ၁၆,၂၁၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၂၁၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၁၄ ကီလိုကျော်၊ ဆေးခြောက် ၅၉၇ ကီလိုကျော်နှင့် ကက်တမင်း ၈,၅၇၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁,၀၇၂ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်)တို့အား ဖျက်ဆီးခဲ့....

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=104754

#နေပြည်တော် #ရန်ကုန် #မူးယစ်ဆေး #မီးရှို့ #ဖျက်ဆီး #စိတ်ကြွရူးသွပ်ဆေး #ပျဥ်းမနား #MT #mtnews #MyanmarTransparency
2025/07/05 16:01:44
Back to Top
HTML Embed Code: