Telegram Web Link
စစ်ရေးပစ်မှတ်ဆိုတာ ဘာလဲ

လက်နက်ကိုင် သကသတွေ ရှိတဲ့နေရာဟာ စစ်ရေးပစ်မှတ်ပဲ

လက်နက်ကိုင်ပြီး မင်းတို့ အမေ ဟွာထဲ ဝင်နေရင်
မင်းတို့အမေ ဟွာက စစ်ရေးပစ်မှတ်ပဲ။

ရှင်းရဲ့လား မသိဘူး။
Irrawaddy သတင်းမှန်တွေ တင်လို့ပါလား
ပလောင်ကျွန် ကွန်ဒုံးပဒပ်ရဲ့
ကျွန်ဘဝကို ဂုဏ်ဖေါ်ခြင်း

တနည်း မိုးကုတ်ကို ပလောင်တွေ ကျောက်တူးဖို့
အသက်ပေးတိုက်ခဲ့တဲ့ ကွန်ဒုံးပဒပ်။
ဂေါက်ကွင်းကို အကုန်လုံး တူးလိုက်ပြီ ဘာမှ မရှိတော့ဘူး၊ အကုန်လုံး မွစာကြဲသွားတာ”လို့ မိုးကုတ်ဒေသခံ ကျောက်ကုန်သည် ကိုသားငယ် (အမည်လွှဲ) က ဝမ်းနည်းစွာနဲ့ ပြောလာပါတယ်။

စက်ယန္တယားတွေနဲ့ အင်တိုက်အားတိုက် တူးဖော်မှုကြောင့် မိုးကုတ်ဒေသခံတစ်ယောက်အနေနဲ့ ဂေါက်ကွင်းရှေ့ ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်နေရကြောင်းလည်း ပြောလာပါတယ်။

စက်ယန္တယားတွေ နဲ့ အင်တိုက်အားတိုက်တူးနေတဲ့ ဂေါက်ကွင်းကတော့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေက “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့က “ဂေါက်ကွင်း” ပဲဖြစ်ပါတယ်။

မိုးကုတ်မြို့ဆိုတာကလည်း “ပတ္တမြားမြေ” လို့ ခေါ်ဝေါ်တင်စားရပြီး ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ပတ္တမြားထွက်ရှိရာ ဒေသဖြစ်ပါတယ်။

ပတ္တမြားမြေမှာ TNLA ကျောက်မျက်အလွန်အကျွံ တူးဖော်မှု

TNLA သိမ်းပိုက်ပြီး နှစ်လအကြာမှာ ၂၀၂၄ခုနစ် စက်တင်ဘာ ကျောက်မျက်ရတနာ တူးဖော်မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး၊ ကျောက်မျက်အကြီးအကျယ် တူးဖော်ခွင့်ကိုလည်း TNLA ရဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ သူတွေ၊ “ဝ”ဒေသ က လုပ်ငန်းရှင်တွေနဲ့ တရုတ်စီးပွားရေးသမားတွေသာ ဖြစ်ကြောင်း လည်း မိုးကုတ်ဒေသခံ ကျောက်ကုန်သည်တွေက ပြောလာပါတယ်။

မိုးကုတ်မြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လာပြီး ၅လ အကြာမှာတော့ ခေတ် အဆက်ဆက် စစ်တပ်ရဲ့ မြန်မာ့စီးပွားရေးဉီးပိုင် ကုမ္ပဏီတောင် လုပ်ခွင့်မရခဲ့တဲ့ မိုးကုတ်ဂေါက်ကလပ်ဝင်းကို ဒေသခံတွေ မမြင်ဖူးတဲ့ စက်ယန္တရားကြီးတွေနဲ့ ၂၄နာရီ မနားတမ်း အဖိုးတန်ပတ္တမြားနဲ့ နီလာကျောက်တွေကိုစတင် တူးဖော်လာကြောင်း ကိုသားငယ် က ပြောပါတယ်။

ဒါ့အပြင် ဂေါက်ကွင်းထဲမှာ တူးဖော်နေမှာလည်း အခြားဒေသ ကလာတဲ့အလုပ်သမားတွေသာဖြစ်ပြီး၊ အဲ့ဒီလုပ်ကွက်နေရာမှာ ဓာတ်ပုံရိုက်ကူးခွင့်မရှိသလို ဖုန်းလည်း ပေးမသုံးကြောင်း သိရပါတယ်။

“ဂေါက်ကွင်းထဲမှာ သူတို့ အလုပ်သမားတွေ ရှိတယ်။ အဲ့ထဲမှာ ဓာတ်ပုံမပြောနဲ့ ဖုန်းတောင် ပေးမသုံးဘူး။ နောက်ကျောက်တွေကို ကျောက်မီးသွေးတင်တဲ့ ကားတွေနဲ့ ၁၂ ဘီး ၁၈ ဘီး တွဲကား သံဘော်ဒီအကြီးလိုဟာမျိုးတွေနဲ့ သွားတာ၊ နမ့်ဆန်မှာ သွားဆေးတာ”လို့ ကိုသားငယ်က သူမြင်ခဲ့ရတဲ့ ကျောက်တူးဖော်မှု အခြေအနေကို ရှင်းပြပါတယ်။

မိုးကုတ်မြို့အတွင်း TNLA ဦးဆောင် ဖွဲ့စည်းထားတဲ့ ကျောက်မျက်ကော်မတီမှာလည်း TNLA ကိုယ်စားပြု ၄ဦး၊ PDF ဘက်မှ ကိုယ်စားပြု ၂ဉီးနှင့် ရပ်ကွက်ထဲမှ ၎င်းတပ်ဖွဲ့နဲ့ အဆင်ပြေတဲ့ မြို့မိမြို့ဖ ၄ဉီးတို့ ပါဝင်ပါတယ်။

TNLA ဉီးဆောင်တဲ့ ကျောက်မျက်ကော်မတီက မိုးကုတ်မြို့ အနီးတဝိုက်က အရည်အသွေးမြင့်ကျောက်ကောင်းထွက်နိုင်တဲ့ နေရာကို လက်ဝါးကြီးအုပ် ခြယ်လှယ်လာပါတော့တယ်။ဒါ့အပြင် TNLA က ဒေသခံ ကျောက်မျက်စီးပွားရေးသမားတွေ တူးဖော်မှုကိုလည်း ကန့်သတ်ချက်တွေ ချမှတ်လာတဲ့ အတွက် ဒေသအတွင်းမှာ TNLAကို မကျေနပ်ချက်တွေလည်းများလာကြောင်း မိုးကုတ်ကျောက်မျက်လုပ်ငန်း လုပ်သူတစ်ဉီးက ပြောလာပါတယ်။

“ TNLA က နေရာတကာ ကန့်သတ်တယ်။ ကျနော်ဘိုးဘွားစဉ်ဆက်လုပ်လာတဲ့နေရာတွေကို ဆက်မလုပ်ဖို့ ကန့်သတ်တယ်။ နောက် ရောင်းဝယ်မှုမှာလည်း ကန့်သတ်လာတယ်။ လုပ်ကိုင်ရတော်တော်ခက်တယ်။ သူတို့နဲ့ တည့်သူဆိုရင် ဘာမှ မဖြစ်ဘူး” သူ ၎င်းက ဆိုပြန်ပါတယ်။

မိုးကုတ်ဒေသခံတွေ အနေနဲ့ ယခင်က လုပ်ခဲ့တဲ့ ပေါလံကျောက်မျက်တွင်းတွေမှာပဲ တူးရပြီး၊ တူးလို့ရသမျှကို TNLA ထံ အခွန်အခအနေနဲ့ ၄၀ ရာခိုင်နှုန်းထိ ပေးဆောင်ရကာ၊ ထွက်လာတဲ့ကျောက်တွေကိုလည်း ရောင်းချခွင့် ရထားတဲ့ တရုတ်ကုန်သည်ဆီသာ ရောင်းနေရကြောင်း ကျောက်ကုန်သည်တွေ ငြီးတွားနေကြပါတယ်။

“မိုးကုတ်ဒေသမှာ ဘယ်တွင်းပဲလုပ်လုပ် ၄၀ ရာခိုင်နှုန်းက ပလောင်ကို သွင်းရတယ်။ ကျောက်ရောင်းတာလည်း သူတို့ဖြတ်တဲ့ ကုန်သည်နဲ့ပဲ ရောင်းရတယ်၊ အဲ့တာ နည်းနည်းလေး ဆိုးနေတယ်” ဟု ကျောက်ကုန်သည် ကိုသားငယ်က ရှင်းပြပါတယ်။

တဖက်မှာလည်း မိုးကုတ်မြို့မှာ ကျောက်မျက် တူးဖော်မှုနဲ့ ပတ်သက်ပြီး မိုးကုတ်ဒေသခံ တွေအပြင် အခြားဒေသဘက်မှ တက်လာတဲ့ သောင်းနဲ့ချီတဲ့လူတွေ အတွက် စားဝတ်နေရေး အဆင်ပြေဖို့အတွက် တပိုင်တနိုင် ကျောက်တူးဖော် လုပ်ငန်းတွေ ဆောင်ရွက်နေတာတွေလည်း ရှိကြောင်း TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက မေလ ၄ ရက်မှာ ပြုလုပ်တဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ သျှမ်းသံတော်ဆင့်ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

“အလတ်စားလုပ်ငန်းတွေ ခွင့်ပြုထားတာတွေလည်း ရှိပါတယ်။ မူလက ရှိခဲ့တဲ့ ကျောက်မျက်ကော်မတီပုံစံမျိုး ဖွဲ့စည်းထားတာလည်း ရှိပါတယ်။ လုပ်ငန်းကျွမ်းကျင်တဲ့ မိုးကုတ် မြို့သားတွေနဲ့ လူထုကိုယ်စားလှယ်တွေ ပါဝင်စုဖွဲ့ထားပါတယ်။ သယံဇာတတူးဖော်လို့ ထိခိုက်သွားတဲ့ဒေသတွေအတွက်၊ မိုးကုတ် ပြန်လည်ထူထောင်နိုင်ဖို့ အတွက် အခွန် ကောက်ခံတာတွေ ရှိပါတယ်”ဟု TNLA ဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။
TNLA က ဖွဲ့စည်းပေးတဲ့ ကျောက်မျက်ကော်မတီကနေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာ၊ လုပ်ကွက်တွေ သတ်မှတ်ပေးတာ ရှိပြီးတော့ တပိုင်တနိုင် လုပ်ငန်းများကို အခွန်ကောက်ခံတာ မရှိဘဲ တပိုင်တနိုင်ထက် ကျော်လွန်တာမျိုး ဆိုရင်တော့ သတ်မှတ်ထားတဲ့ အခွန်တွေ ရှိကြောင်း ဗိုလ်မှူးကြီး တားပန်လ က ဆက်ပြောပါတယ်။

တဖက်မှာလည်း TNLA နဲ့ PDF ပူးပေါင်းထိန်းချုပ်တဲ့ မိုးကုတ်မြို့ရှိ ကျောက်တွင်းတွေမှာ ယခင်ကထက် အလွန်အကျွံ တူးဖော်လာမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ မြို့တည်နေပုံ ပျက်စီးတာတွေဖြစ်မှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

“ နဂိုကတည်းက မိုးရွာရင် ရေကြီးတာ တောင်ပြိုတာ ဖြစ်နေတာ့ အခုလို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံတူးတာတွေ လုပ်ရင်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာပိုဆိုးမယ်။ အဲ့ဒဏ်ကို လူထုက ပိုခံရမယ်” လို့ မိုးကုတ်ဒေသခံ နန်းမေ က ပြောလာပါတယ်။ဒါ့အပြင် အားလုံးပါဝင်နိုင်တဲ့ ကျောက်မျက်မူဝါဒကို ရေးဆွဲနေပြီး မူဝါဒအတိုင်း ဆောင်ရွက်နိုင်ပြီဆိုရင် လူထုကို ချပြမှာဖြစ်တယ်လို့ ဇွန်လ ၅ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်ကာလမှာ မူဝါဒရေးဆွဲပြီးမလဲဆိုတာ သတ်မှတ်ထားခြင်း မရှိပါဘူး။

ဒါ့အပြင် မိုးကုတ်မြို့မှာ ကျောက်မျက်တူးဖော်မှုနဲ့ ပတ်သက်ပြီး TNLA ပဲဖြစ်ဖြစ်၊ တခြားအစုအဖွဲ့တွေကပဲဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်၊ ဒေသကို ထိခိုက်ဆုံးရှုံးမှုတွေကို ဖြစ်စေတယ်ဆိုရင် TNLA ဆီမှာ အမှုဖွင့် တိုင်ကြားနိုင် တယ်လို့ ဆိုပါတယ်။

“ကျောက်မျက်တူးဖော်မှုအပိုင်းမှာ ကျမတို့ TNLA ပဲပြောပြော၊ အခြားအုပ်စုတွေမှာပဲပြောပြော မတရား တူးဖော်နေတယ်။ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေတယ်၊ ဒါတွေသည် ဒေသကို ဆုံးရှုံးမှုတွေ ဖြစ်စေတယ်ဆိုရင် ကျမတို့ရဲ့ တရားရေးကဏ္ဍမှာပဲ နီးစပ်ရာရဲစခန်းမှာပဲ တိုင်ကြားနိုင်ပါတယ်။ သွားရောက်အမှုဖွင့်ပြီးတော့မှ တိုင်ကြားနိုင်ပါတယ်”လို့ လွေးယေဦးက သတင်းစာရှင်းလင်းပွဲအတွင်း ဖြေကြားပါတယ်။

စစ်ဝတ်စုံ ဘတ်တံဆိပ်အမျိုးမျိုးကြား များပြားလှတဲ့ အခွန်အခ

ကျောက်မျက်တူးဖော်မှုက ရရှိတဲ့ အခွန်အခတွေကို မိုးကုတ်မြို့ ပြန်လည်ထူထောင်ရေးအတွက် ပြန်အသုံးပြုရာမှာ စည်ပင်သာယာရေးမှ လွဲ၍ အခြားနေရာတွင် သုံးစွဲခြင်းမျိုး မတွေ့ရဘူးဘဲ TNLA စစ်သားများနဲ့ ၎င်းတို့ ခန့်ထားတဲ့ ဝန်ထမ်းများအတွက် လစာပေးရန် အခွန်ကောက်တာလို့ ကိုသားငယ်က ထောက်ပြပြောဆိုပါတယ်။

“တံတားတွေ ဗုံးချထားတာတောင် မပြင်ဘူး၊ ပြန်လည်ထူထောင်ရေးမှာ ဘယ်ဟာသုံးလဲဆိုရင် စည်ပင်အမှိုက်ခွန် တစ်ခုက လွဲလို့ ကျန်တဲ့ဟာ မသုံးဘူး။ စည်ပင်အမှိုက်ခွန်ကလည်း လူနေတဲ့ အိမ်တိုင်းကို လစဉ် အမှိုက်ခွန်ကောက်တယ်၊ အဲ့တာနဲ့ပဲ ဆီဖိုးပြန်လုပ်သွားတယ်။ အိမ်ပျက်လို့ အိမ်ပြင်တယ်၊ ရုံးပျက်လို့ ရုံးပြင်တယ် ဆိုတာမျိုး ဘာတစ်ခုမှ မပြင်ဘူး။ အမှန်ကတော့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ သူတို့ရဲ့ စစ်သားတွေ လစာပေးဖို့ ကောက်တာ အဲ့လိုပဲ”ဟု ကိုသားငယ်က ပြောပါတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာ ရှိတဲ့ TNLA ထိန်းချုပ် ဝင်းထရံ လို ကျောက်လုပ်ကွက်တွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိပေမယ့် အလုပ်သမား ထိခိုက်သေဆုံးမှုတွေကို သတင်းဖော်ပြတာ မရှိသေးပေ။

လေကြောင်းဗုံးကြဲခံရပြီး အပျက်အစီး များတဲ့ ကျောက်လုပ်ကွက်တွေကို တစ်ပတ်လောက် အချိန်ယူ ပြင်ဆင်ပြီးတာနဲ့ သူတို့လုပ်ခွင့်ရှိတဲ့ နေရာမှာ နေ့ရောညပါ ဆက်လက်တူးဖော်ပြီး အပြင်လုပ်ကွက်တွေကိုတော့ ညပိုင်း လေယာဉ်လာချိန် လေယာဉ်အသံမကြားရမှာစိုးလို့ ပေးမလုပ်ဘူးလို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်အတွင်းမှာ တူးဖော်နေတဲ့ ကျောက်လုပ်ကွက်တွေ၊ ရွှေတွင်းတွေကို PDF အဖွဲ့များမှ အခွန်လာရောက် ကောက်ခံခြင်းမျိုးလည်း ရှိပြီး စစ်ဝတ်စုံ ဘတ်တံဆိပ် အမျိုးမျိုးနဲ့ ဝင်ထွက်သွားလာ နေကြတယ်လို့ မိုးကုတ်မြို့နယ်ထဲက ရွှေတွင်းမှာ မျှောတိုက်နေတဲ့ စိုင်းဦးကလည်း ပြောပါတယ်။

“မိုးကုတ်မှာ PDF အဖွဲ့ ၁၉ ဖွဲ့လောက်က ရွှေတူးတဲ့ နေရာမှာ အခွန်လာကောက်တာ။ နောက်ပြီး TNLA က မြို့သိမ်းတုန်းကလည်း ပြည်သူနဲ့ ဆိုင်တဲ့ ၄ နေရာကို သူတို့မယူဘူးလို့ ပြောထားတာ။ ဒါပေမယ့် ဂေါက်ကွင်းလို နေရာတွေကို ကိုးကန့်ဆီ လွှဲပေးလိုက်ပြီးတော့မှ ရောင်းလိုက်တာလား ဒါမှမဟုတ် ရှယ်ယာပါတာလားတော့ မပြောတတ်ဘူး။ ကိုးကန့်တွေကတော့ စစ်စိမ်းဝတ်စုံနဲ့၊ ဘတ်တံဆိပ် များတော့ အဖွဲ့သေချာမသိဘူး”လို့ မျက်မြင်ကြုံတွေ့နေတာကို စိုင်းဦးက မဝံ့မရဲ ပြောပြပါတယ်။

အလားတူ ၂၀၂၄ စက်တင်ဘာလက စတင်ပြီး မိုးမိတ်မြို့နယ်ထဲမှာ ရွှေတူးဖော်နေတဲ့ ရွှေမျှောလုပ်ကိုင်သူများထံ TNLA ဘက်မှ ရွှေ (၁၀) ပိဿာ အခွန်ကောက်ခံခဲ့ရာ ခွဲတမ်းကျ သတ်မှတ်လိုက်ပေမယ့် မြစ်ဆုံနဲ့ မိုးဟောက် ရွှေတောဘက်မှ မျှောပိုင်ရှင်အချို့မှာ အခွန်မပေးဆောင်နိုင်ခြင်းကြောင့် မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စိုင်းဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္ပဏီကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချခဲ့တာကြောင့် ဘတ်ဖိုးယာဉ် တစ်စီး၊ သတ္တုထုတ်စက် (၁) လုံး၊ ဂိုဒေါင် တစ်လုံးနဲ့ အခြားပစ္စည်းများစွာ တရုတ်ယွမ်ငွေ (၁၇) သိန်းခန့် ပျက်စီးဆုံးရှုံးသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက မေလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်အနီးက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုမှာ ဆီလီကွန်သတ္တု တူးဖော်နေတဲ့ မြန်မာရွှေသီးနှံကုမ္ပဏီကို ကျေးရွာလူထုရဲ့ သဘောဆန္ဒ မပါဘဲ လုပ်ငန်းဆက်လုပ်ဖို့ TNLA ဘက်မှ နောက်ထပ် သုံးနှစ် စာချုပ်ထပ်မံ သက်တမ်းတိုးပေးခဲ့တာကြောင့် မေလ အစောပိုင်းမှာ ဒေသခံများရဲ့ ကန့်ကွက်ဆန္ဒပြခြင်းကို ခံခဲ့ရပါတယ်။

မန်စပ်ရွာအနီးရှိ သတ္တုတွင်းလုပ်ကွက်မှာ ဒေသခံတွေက “MGC ကုမ္ပဏီ အလိုမရှိ”၊ “စီမံကိန်းနောက်ကွယ်တွင် အဓိက ကြိုးကိုင်နေသူ တားတောင်တန်း အလိုမရှိ”၊ “သတ္တုစီမံကိန်း သဘောတူညီစာချုပ် အလိုမရှိ” စသည့် ကြွေးကြော်ချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် TNLA တပ်သားတွေ လာရောက်တားမြစ်ခြင်းကို ခံခဲ့ရပြီး ဦးဆောင်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

လားရှိုးမြို့ကို MNDAA ထိန်းချုပ်နိုင်ပြီးနောက် ၂၀၂၄ စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ထဲက ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေတဲ့ နမ္မကျောက်မီးသွေးတွင်းအထိ နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ရောက်လာပြီး ကျောက်မီးသွေး တင်ဆောင်ကာ ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သဲတိုက်တဲ့ ကားလိုမျိုးပဲ။ နမ္မ ဘက်ကနေ ကျောက်မီးသွေးတင်လာပြီး နမ့်ပေါင်ဘက်က ထွက်တယ်၊ ပြီးတော့ လားရှိုးဘက်ကို တက်သွားတာ။ ကျောက်မီးသွေးကတော့ ကားပေါ် အပြည့်ပဲ၊ ကားမောင်းတာလည်း တအားမြန်တော့ အန္တရာယ်များတယ်”လို့ နမ္မဒေသခံ စိုင်းဝင်းက ပြောပါတယ်။

နမ္မကျောက်မီးသွေးတွင်းမှာ လာရောက်သယ်ဆောင်တဲ့ ကားကြီးတွေဟာ လားရှိုးမြို့ကနေ သိန္နီမြို့ကို ဆက်မောင်းသွားပြီး သိန္နီ – ကွမ်းလုံ – ချင်းရွှေဟော် လမ်းမကြီးအတိုင်း MNDAA ထိန်းချုပ်တဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို ရောင်းချတယ်လို့ ဆိုပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ၂၂ ရက်မှာ တရုတ်ဖိအားကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရပေမယ့် လားရှိုးမြို့ပြင်ရှိ ကျေးရွာတွေမှာ ဆက်လက်တပ်စွဲထားပြီး လားရှိုး-သီပေါမြို့နယ် အစပ်မှာရှိတဲ့ နမ္မကျောက်မီးသွေးတွင်းက သျှမ်းတပ် SSPP/SSA တပ်စခန်းမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ ကျောက်မီးသွေးတွင်းတွေမှာ အခြေစိုက်ထားတဲ့ SSPP တပ်စခန်းတွေကို ဖယ်ရှားဖို့ လားရှိုးဘက်မှ ကိုးကန့်တပ်သားများ ဧပြီလကုန်ခါနီးမှာ ဝင်ရောက်ခဲ့ပြီး SSPP တပ်သားတွေကို ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးခဲ့တဲ့အပြင် ပြည်သူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင် SSPP/SSA ရဲ့ ဌာနချုပ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဆင်ကျော့ရွာအခြေစိုက် စိန်ကျော့ပြည်သူ့စစ် ဌာနချုပ် အနီးတဝိုက်ကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် စဝ်ဆိုင်ဟန် ဦးဆောင်တဲ့ စိန်ကျော့ပြည်သူ့စစ် (၁၀၀) နီးပါးဟာ တပ်ဆုတ်ခွာပေးခဲ့ရပါတယ်။

SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းကို ဧပြီလ ၂၉ ရက် ညနေပိုင်းမှာ MNDAA ဘက်က ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုပေမယ့် ဧပြီလ ၃၀ ရက်နေ့မှာ SSPP မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ SSPP Info မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလနှောင်းပိုင်းမှာလည်း သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ SSPP/SSA နဲ့ MNDAA တို့အကြား စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုကို နှစ်ဘက် ဗဟိုအဆင့် တာဝန်ရှိသူများမှ မေလ ပထမပတ်အတွင်း ‘ဝ’ထိန်းချုပ် ပန်ဆန်းမြို့မှာ တွေ့ဆုံဖြေရှင်းခဲ့ပေမယ့် သဘောတူညီမှု တစုံတရာ မရှိခဲ့ဘဲ အစည်းအဝေး ပြီးဆုံးခဲ့ရပါတယ်။

မေလ ၂၅ ရက်က စတင်ပြီး ကိုးကန့်တပ်ဖွဲ့ နေရာယူထားတဲ့ နမ္မ၊ ဆင်ကျော့၊ ပန်ညု စတဲ့ ကျေးရွာအုပ်စုဘက်ကို SSPP ဘက်က အင်အားထပ်မံဖြည့်တင်းပြီး ပြန်လည်နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နယ်မြေလုတာ၊ စီးပွားရေးလုပ်ကွက် လုတာတွေ ဖြစ်လာတော့မယ်။ ရွှေတွေ၊ ကျောက်တွေ အများကြီး ရလာရင် လက်နက်ဝယ်လို့ ရတယ်လေ။ အဲ့တာကြောင့် ဘယ်အဖွဲ့မဆို သယံဇာတကို စိတ်ဝင်စားနေတာ။ ဒါမှမဟုတ် တိုက်ပွဲစရိတ်ကို ကျောက်တူးပြီး ပြန်ဆပ်နေတာလား လို့တောင် ပြည်သူတစ်ယောက်အနေနဲ့ အတွေးပွားစေတယ်”လို့ စိုင်းဝင်းက သူ့ရဲ့စိုးရိမ်စိတ်ကို ဖွင့်ဟပါတယ်။
“သျှမ်းမြောက်ပြည်သူတွေက ဘယ်ကတည်းက ကျိန်စာ မိခဲ့လည်း မပြောတတ်ဘူး။ သဘာဝတွင်းထွက်တွေကို
နောင်လာမယ့် မျိုးဆက်အတွက် ချန်ထားပေး
ရမယ့် အစား သေနတ်ကိုင်ထားတဲ့ လူတွေက လူလုပ်ဘေးကနေ ရေကြီးမြေပြိုတာမျိုး သဘာဝဘေးအထိ အမျိုးမျိုး ထပ်ကြုံနေရတာပဲ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ လူငယ် တစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။

Shan News
ကိုယ်ကျိုး အတွက် မြေလှန်နေကြပြီ။ စစ်ပွဲလို လူလုပ်ဘေးကနေ

ရေကြီးမြေပြိုတာမျိုး သဘာဝဘေးအထိ အမျိုးမျိုး ထပ်ကြုံနေရတာပဲ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။
အချိတ်အဆက် ဘယ်လောက်လွဲနေလဲဆိုတာ

ကားပေါ်က တပ်မတော်သားတွေဘဝ မတွေးဝံ့စရာ
မိုးကုတ်

အခုတော့ ဘယ်လိုလဲ
နောင်တတွေရနေကြပြီးမလား
မြို့ဖျက်မယ့်လူတွေကို ထမင်းပူပူ ချက်ကြွေးခဲ့တဲ့အတွတ်
ကျောက်မဲ

Today

နေ့လယ် ၂ နာရီခွဲ
ဗုံး ၁ လုံးကြဲ
ကျောက်မဲ

စစ်ဇုံဖြစ်နေပါပြီ
မရှောင်ရင်တော့ တချိန်မဟုတ် တချိန် ထိနိုင်ချေ ရှိတယ်
ထိမှ အော်မနေကြနဲ့
သူပုန်နဲ့ ပတ်သက်မှူ မရှိရင် ရှောင်ကြပါ

ဘာညာ ဆင်ခြေ တက်မယ်ဆိုရင်တော့
စတိုက်တဲ့ သူပုန်တွေကိုသာ သွားပြော။
စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ

ပဒပ်များကို ဒီနေ့ နေ့လည်က ဗုံးကြဲ
26 ရက်နေ့က ကျောက်မဲမှာ ကြဲတာ
Tnla ရုံးပါ
မန်းလေးတိုင်း

မနေ့က ဂိန်တဲ့
ပဒပ် ၂ ကင်
ရောက်လေရာနိုင်ငံမှာ ချီးထုတ်တွေ လုပ်နေတဲ့ နီပိတ်များ

အရင်က ဒါမျိုးတွေ မရှိခဲ့ဘူး။ ပဒပ်တွေ ပေါ်လာပြီးမှ ရောက်လေရာမှာ ချဉ်ဖတ်ဖြစ်နေကြတယ်။
ပေါင် ၅၀၀ , ၂ ကြိမ်ထိတာတောင် မသေဘူးဆိုတော့
ကံကောင်းတယ်ပြောရမလား
သူ့နောက်ကို ဗုံးလိုက်နေတယ် ပြောရမလား။
2025/07/01 09:59:25
Back to Top
HTML Embed Code: