Telegram Web Link
View of Sue
Photo
Pdf များကို ထောက်ပံ့မှူဖြင့် အင်ဒိုနီးရှားနိုင်ငံသားကို ထောင် ၇ နှစ်ချ
--

အသက် ၃၃ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားကို pdf များကို ထောက်ပံ့ကူညီမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း ဇူလိုင် ၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားဝန်ကြီး ဌာန၏ အတည်ပြုချက်ကို ကိုးကားပြီး အင်ဒိုနီးရှားသတင်းဌာနများက ဖော်ပြကြသည်။

Selebgram Arnold Putra အမည်ရှိ ဆိုရှယ်မီဒီယာများပေါ်တွင် လူသိများသော ထိုလူကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ဖမ်းဆီးရမိခဲ့ပြီး pdf များကို ငွေကြေး ထောက်ပံ့ခြင်း နှင့် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့်ခုလို အရေးယူခံရခြင်း ဖြစ်သည်။

ထိုအင်ဒိုနီးရှားနိုင်ငံသားကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ အစရှိသော ဥပဒေများဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ အင်ဒိုနီးရှားသံရုံးသည် ၎င်း၏ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး မိသားစုနှင့် အဆက်အသွယ်ရရှိရေး နှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးအတွက်လည်း ကူညီလုပ်ဆောင်ပေးလျက်ရှိ သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားဝန်ကြီးဌာနဘက်က ထုတ်ဖော်ပြောဆိုထားသည်။

၎င်းအား မြန်မာနိုင်ငံတွင်း မည့်သည်နေရာတွင် ဖမ်းဆီးခံခဲ့ရသည်ကိုမူ မသိရသေးသလို နစက ဘက်ကလည်း သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါ။

ဖမ်းဆီးခံအင်ဒိုနီးရှားနိုင်ငံသား၏ ဆိုရှယ်မီဒီယာအကောင့်တစ်ခုဖြစ်သော arnoldputra အမည်ရှိ အင်စတာဂရမ်(Instagram) အကောင့်တွင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကရင်နီပြည်နယ်(ကယား) နေရာတစ်ခုတွင် pdf တချို့နှင့် အတူတူရိုက်ကူးထားသော ဓာတ်ပုံတချို့တင်ခဲ့သည်ကို တွေ့ရှိရသည်။

ထို့နောက် နိုဝင်ဘာ ၂၁ ရက်နေ့ နှင့် ၂၂ တို့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ ထိန်းချုပ်ရာ တနင်္သာရီတိုင်းအတွင်းရှိ နေရာတချို့ကို ရောက်ရှိနေကြောင်း ဓာတ်ပုံ နှင့် ဗီဒီယိုတချို့ ထပ်မံတင်ခဲ့သည်။

၎င်းသည် KNU တပ်ဖွဲ့ဝင်များ၊ PDF တပ်ဖွဲ့ဝင်များနှင့်အတူ ဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ကူးထားသည်။
နီပိတ်မ ပြောခံရတာ နည်းသေးတယ်။
AA ဆီ တောင်း
အကြမ်းဖက် PDF များ၏ အလောင်း/လက်နက်များရရှိ (ညောင်ဦး-ဖလန်ကန်)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဖလန်ကန်ဒေသဘက်မှာ ဒေသခံပြည်သူများအား အနိုင်ကျင့် နှိပ်စက် သတ်ဖြတ် ဆက်ကြေးကောက် ဓားပြတိုက်ပြီး မြို့ရွာများအား ဖျက်လိုဖျက်ဆီးလုပ်နေသည့် ဂျိုကြွအကြမ်းဖက် PDF များအား ယနေ့တွင် ရှင်းလင်းသုတ်သင်ခဲ့သည်။
* အကြမ်းဖက် PDF ၁၀ လောင်း
* လက်နက်မျိုးစုံ ၁၂ လက်
* ဖောက်ခွဲရေးပစ္စည်းများ
* ဆက်စပ်ပစ္စည်းများ

အား သိမ်းပိုက်ရရှိခဲ့သည်။
-
ပုဂံ-ညောင်ဦးဒေသကို စိုးရိမ်နေတဲ့ ပြည်သူများအတွက် သတင်းကောင်းဖြစ်ပါတယ်။
-
Congratulations ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များ။
-
တိုက်ပွဲသတင်းစုံ
နေအိမ်တွင်ရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF ၂၀ ခန့်က အုပ်စုဖွဲ့လာသတ်မှု တောင်တွင်းကြီးတွင် ဖြစ်ပွား

၂. ၇. ၂၀၂၅
Written by Nay Moe

နေအိမ်တွင်ရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF ၂၀ ခန့်က အုပ်စုဖွဲ့ကာ လာရောက်သတ်ဖြတ်မှု တောင်တွင်းကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇွန် ၃၀ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်(ခ)ဘိုကွီး(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF၂၀ ဦးခန့်...

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=105128

#မကွေး #တောင်တွင်းကြီး #အုပ်ချုပ်ရေးမှူး #NUG #PDF #အကြမ်းဖက် #ပျူစောထီး #ပကဖ #EAOs #နိုင်ငံ့ဝန်ထမ်း #ဆရ
#MT #mtnews #MyanmarTransparency
Inter မှာ ချဉ်ဖတ်ဖြစ်နေတဲ့ တိုင်းရင်းသားတွေ

ဒါနဲ့ စစ်ပွဲတွေ ဖြစ်လို့ ပြေးရသူတွေတဲ့။
အဲဒီဟာတွေပဲ ပြည်ပရောက်သွားရင် ပြည်တွင်းမှာ စစ်မီး မငြိမ်းအောင် သူပုန်တွေကို ထောက်ပံ့နေကြတာ။

အဲဒီတော့ ဒင်းတို့ စစ်ပွဲအတွင်းမှာ သေသွားတာကမှ တိုင်းပြည် ငြိမ်းချမ်းဦးမယ်။
ကဲ ကိုလျှာရှည်တွေ သိချင်တဲ့
အိုရှင်း သွားတဲ့ကြောင်း ပြောထားပါတယ်။

Pdf တွေ သူ့ဟာသူ သေတာတောင်
အဖွဲ့အတွတ် အသေခံပေးသွားတယ် ဘာညာ media ကနေ သတင်းလွှင့်ရင် နီပိတ်တွေက လေးစားတယ် ဘာညာပဲ ပြောကြတာ။

ဘောမတွေကကျ လျှာရှည်နေကြတာ။
ရဲတယောက်လုံး သတ်ခံလိုက်ရတာတောင် စာနာမှု မရှိ၊ အတွန့်တက်နေကြတယ်။
2025/07/04 15:55:35
Back to Top
HTML Embed Code: